BREAKING NEWS
==============
ယနေ့ ၁၇. ၄. ၂၀၁၆ ရက်နေ့ စစ်တွေ့သတင်း။
အစွန့်ရောက်အကြမ်းဖက်ဝါဒီ ရခိုင်-ရဲ လုံထိန်း ဒု-တပ်ရင်းမှုး သေနတ် ဖြင့်ပစ်သတ်မှုကြောင့်အပြစ်မဲ့ ရိုဟင်ဂျာ တစ်ဦးသေဆုံး
ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်၊ သင်္ဂနက်အုပ်စုနေ အာဂျူလောက် ဆိုသူသည် ၂၀၁၂ ခုနှစ် အရေးခင်ဖြစ်ပြီးနောက်ပိုင် ဆေးသမားကြီးဒုက္ခသည်စခန်းအတွင်း၌ ကျောင်းကြီးလမ်းဒုက္ခသည်စာရင်းဝင်တစ်ဦးဖြစ်သည်အပြင် ရိက္ခာစာရေးတာဝန်နှင့်လုပ်စားနေသူနှင့်အပေါင်းပါလူတချို့သည် ယခုလက်ရှိ လုံးခြုံးရေးအဖြစ်တာဝန်ယူထားနေသောအုန်းတော်ကြီးရဲလုံထိန်းစခန်၏တာဝန်ခံ ဒု-တပ်ရင်းမှုးနဲ့ပူးပေါင်းပြီး လွန်ခဲ့သော ၂၀၁၃ ခုနှစ်မှစ၍ ဆေးသမားကြီးအုပ်စုနေ ဦးအလီအာမတ်(ဘ)ဦးမာမတ်ရှော်ဖီ လယ်ယာမြေကွက်ကိုနှစ်စဉ် အုတ်ကျင်း၊အုတ်ဖိုလုပ်ငန်းအတွက်ငှါးယူလုပ်စားနေသည်မှယနေ့ထိပင်ဖြစ်ပါသည်။
သို့သော် အထက်အမည်ပါသူ အာဂျူလောက် ဆိုသူကမြေပိုင်ရှင် ဦးအလီအာမတ်ထံမှာ ငွေကြေး ၉၀၀၀၀ ကျပ်ထိထိကိုလိမ်လည်ဖြတ်ယူထားသည်ကိုယခု ၃-လ ကျော်ခဲ့ပြီးဖြစ်ပါသည်
၎င်းငွေကို အသတ်ခံရသူဦးအလီအာမတ်မှာအကြိမ်ပေါင်းများစွာတောင်းခံသော်လည်းပြန်လည်ပေးဆပ်ခြင်းမရှိသည်အပြင် ၁၃. ၄. ၂၀၁၆ ရက် ဗူးဒ္ဓဟူးနေ့ ထိပ်မံတောင်းခဲ့သည်အပေါ် အာဂျူလောက် အနေဖြင့်မင်းကိုအဲဒီငွေ ၉၀၀၀၀ ကျပ်ပေးရရင် ငါ့သည်မင်းကိုအချုပ်ထဲရောက်အောင်ထိလုပ်သွားမည်ဟုခြိမ်းခြောက်ပြောဆိုသွားပြီးနောက်ပိုင်း ၁၄. ၄. ၂၀၁၆ ရက် ကြာသပတေးနေ့တွင် အုန်းတော်ကြီး ရဲလုံထိန်း ဒု-တပ်ရင်းမှုးဦးဆောင်သော ရဲလုံထိန်းတချို့ရောက်လာပြီ ဦးအလီအာမတ်ကို မင်းက အုတ်ဖိုက အုတ်အချပ် ၈၀၀ ခိုးသည်ဟုစွဲစွပ်ပြီး ၎င်းအုတ်ဖိုရှိသည်နေရာသို့ဖမ်းဆီးခေါ်ယူသွား၍ ခိုးယူထားသောအုတ်သည်ဘယ်နေရာတွင်ဖုံထားသလဲဟုမေးမြန်းရှာဖွေနေချိန်တွင် အာဂျူလောက် ဆိုသူရောက်ရှိပြီး အဲကောင်ခိုးထားသောအုတ်ဘယ်နေရာတွင်ဖုံထားသည်ကိုငါ့သိသည်ဟုဆိုက အုပ်ဖိုမှာရှိသောအလုပ်သမားများကိုခေါ်၍ ဤတွင်းကိုထိုးဟုထိုးခိုင်းပြီ အုပ်အချပ် ၃၅၀ ဖေါ်ယူပြီနောက်ဒီတွင်းကိုထိုးဟုထိုးခိုင်းပြီ အုတ်အချပ် ၄၅၀ ဖေါ်ယူပြီး ရဲလုံထိန်းတွေကအတင်းအဓ္ဓမ သေနတ်ကိုင်၍ ဦးအလီအာမတ် ကို၎င်းအုတ်ရှေ့တွင်ရပ်ခိုင်းပြီဓာပုံတွေရိုက်ယူလျက် အုန်းတော်ကြီး လုံထိန်းရဲစခန်းခေါ်ဆောင်သွားပြီဖမ်းချုပ်ထားသည်ဟု ရွာသူ/သားများနှင့်မိသားစုများကြားသိရ၍ ၁၅. ၄. ၂၀၁၆ ရက် သောကြားနေ့ တွင်အုပ်ချုပ်ရေးမှုးအပါအဝင်သွားရောက် ကျပ်ငွေ ၃၀၀၀၀၀ ကျပ်ထိထိပေး၍ ခံဝန်ဖြင့်အာမခံတောင်းခံစဉ် ဒု-တပ်ရင်ဓမ္မဝတှ်ုး ကျပ်ငွေ သိန်း ၂၀ ပေးရင်လွှတ်ပေးဟုအာမခံမပေးဘဲဆက်လက်၍ထိမ်းသိမ်းထားပြီးဖြစ်ပါသည်။
၎င်းမိသားစုဝင်နှင့်ရပ်သူ/သားများသည်မိမိရွာသို့ရောက်လာပြီ ဦးအလီအာမတ်ကိုလွှတ်ယူလာရန်အတွက်ရွာထဲမှလိုက်၍အလှူကောက်ခံရာ၌ ကျပ်ငွေ ၇၀၀၀၀၀ ကျပ်ထိထိရရှိပြီး ၁၆. ၄. ၂၀၁၆ ရက် စနေ နေ့ပြန်လည် စခန်းသို့သွား၍အလှူကောက်ခံရရှိသော ကျပ်ငွေ ၇၀၀၀၀၀ ကျပ်ကိုပေးရာတွင်လွှတ်မပေးဘဲ ကျပ်သိန်း ၂၀ ပေးမှသာလွှတ်ပေးမည်မဟုတ်ရင် စစ်တွေမြို့ အမှတ်(၁)ရဲစခန်းပို့ပြီ တဆင့်တရားရုံးကိုပို့လိုက်မည် အဲမှသက်သေအထောက်အထားအရ
သူ့သည်အမှန်တကယ်အုတ်ခိုးသည်မဟုတ်သူ ဆိုရင်လွှတ်လာမည် အကယ်၍ခိုးသည်ဟုခိုင်းလုံးသောအထောက်အထားဖြင့်ဖေါ်ထုတ်ရင်တော်ထောင်ကျခံရမည်ဟုပြောပါသည်။
သို့အပြင် ယနေ့ ၁၇. ၄. ၂၀၁၆ ရက်နေ့ နံနက် ၁၁း၀၀ အချိန်တွင် ၎င်းစခန်းတာဝန်ခံ ဒု-တပ်ရင်းမှုးမှသေနတ်ပစ်သတ်၍ အပြစ်မဲ့ က=၂ နှင့် မ= ၁၀ စုစုပေါင်း သား၊သ္မီး (၁၂) ယောက်၏ဖခင်ဖြစ်သူ ဦးအလီအာမတ် ဖြစ်သူသေဆုံးကွယ်လွန်သွားသည်ဟုကြားရပါသည်။
၎င်း ဦးအလီအာမတ်၏အသေအလင်းကို ယနေ့ ၂း၃၅ နာရီအချိန် စစ်တွေ ပြည်သူ့ဆေးရုံးသို့ သပ်ယူသွားခဲ့ပြီ ယခုအချိန်ထိအသေအလင်းကိုမရရှိပါကြောင်း အိမ်ရှိမိသားစုများထံမှသတင်းရရှိပါသည်။
မှတ်ချက်= ကျန်ရစ်ခဲ့သောသားသမီးများနှင့်မိန်းမသည်အင်မတန်မှဆင်းရဲနွမ်းပါပြီ အရမ်းသနားစရာပင်ဖြစ်ပါကြောင့်အသိပေးအပ်ပါသည်။
ရိုဟင်ဂျာ လူငယ်ကွန်ယက်အဖွဲ့စစ်တွေ့မြို့။