မြန်မာပြည်သူတွေကို ဦးသိန်းစိန်က သဝဏ်လွှာပေးပို့မယ်လို့ ဆို
လက်ရှိသမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန်မနက် ၈နာရီကျရင် အစိုးရပိုင် ရေဒီယိုတွေကနေ မြန်မာပြည်သူတွေကို သဝဏ်လွှာပေးပို့မယ်လို့ ကြေညာလိုက်ပါတယ်။ လစဉ်မြန်မာပြည်သူတွေကို အသံလွှင့်မိန့်ခွန်း ပုံမှန်ပြောနေရာက ဒီတစ်ကြိမ်မှာတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းရှိ မိဘပြည်သူများသို့ သဝဏ်လွှာပေးပို့ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထူးထူးခြားခြား ရေးသားဖော်ပြထားပါတယ်။